ယုံကြည်သူ/အချင်းချင်း တရားစွဲဆိုမှု/ကို ရှောင်ကြဉ်ခြင်း
6
သင်တို့/သည် အချင်းချင်း အငြင်းပွားမှု/ဖြစ်/သောအခါ ယုံကြည်သောသူတို့a/ထံ သွား/၍ သူတို့/၏ စီရင်/ဆုံးဖြတ်ခြင်း/ကို/ခံမည့်/အစား မဖြောင့်မတ်သော/သူတို့/၏ စီရင်/ဆုံးဖြတ်ခြင်း/ကို ခံဝံ့သလော။ 2 ယုံကြည်သူတို့/သည် တစ်နေ့/တစ်ချိန်/တွင် ဤ/လောက/ကို စီရင်ရမည်/ဖြစ်ကြောင်း သင်တို့/မသိကြသလော။ ဤ/လောက/ကို စီရင်ရမည့် သင်တို့/သည် သေးငယ်သော/အမှုကိစ္စများ/ကို ကိုယ်တိုင်/စီရင်နိုင်စွမ်း/မရှိသလော။ 3 ကျွန်ုပ်တို့/သည် ကောင်းကင်တမန်များ/ကို စီရင်ရမည်/ဖြစ်ကြောင်း သင်တို့/မသိကြသလော။ ထို့ကြောင့် ဤ/လောကီ/ဘဝ/၏ အမှုကိစ္စများ/ကို ပို/၍ ဖြေရှင်း/နိုင်စွမ်း/ရှိရမည်/မဟုတ်လော။ 4 ထိုသို့သော အမှုကိစ္စများ/နှင့် ပတ်သက်၍ သင်တို့/၌ အငြင်းပွားမှု/ရှိလျှင် အသင်းတော်/နှင့် မသက်ဆိုင်သော/သူတို့/ကို စီရင်ဆုံးဖြတ်/စေမည်လော။ 5 ဤသို့ ကျွန်ုပ်/ပြောရခြင်း/မှာ သင်တို့/ရှက်တတ်/စေရန်/ဖြစ်၏။ သင်တို့/တွင် ယုံကြည်သူ/အချင်းချင်း/ကြား ဤသို့သော အမှုကိစ္စများ/ကို စီရင်/ဆုံးဖြတ်နိုင်သည့် ပညာရှင်/တစ်ဦး/တစ်ယောက်/မျှ မရှိသလော။ 6 ယခု/တွင်မူ မယုံကြည်သူများ/ထံသို့ သွား/၍ ယုံကြည်သူ/အချင်းချင်း တရားစွဲဆိုကြပေပြီ။
7 ဤသို့ အချင်းချင်း တရားစွဲခြင်း/ပင်လျှင် သင်တို့/အတွက် ဆုံးရှုံးမှုကြီး/ဖြစ်၏။ တရားစွဲမည့်/အစား မတရားပြုမှု/ကို ခံလိုက်ခြင်း/က ပို/၍ ကောင်းသည်/မဟုတ်လော။ လှည့်စား/လိမ်ယူမှု/ကို ခံလိုက်ခြင်း/က ပို/၍ ကောင်းသည်/မဟုတ်လော။ 8 သို့သော် သင်တို့/သည် ကိုယ်တိုင် ယုံကြည်သူ/ချင်း/ကိုပင် မတရားပြု/၍ လှည့်စား/လိမ်ယူကြပြီ။
9 မတရားပြုသော/သူတို့/သည် ဘုရားသခင်/၏/နိုင်ငံတော်/ကို အမွေ/မခံရကြောင်း သင်တို့/မသိကြသလော။ ယူဆမှု/မလွဲကြနှင့်။ တရား/နှင့်/မညီသော မေထုန်/ကို ပြုသူများ၊ ရုပ်တု/ကိုးကွယ်သူများ၊ အိမ်ထောင်ရေး/ဖောက်ပြန်သူများ၊ ယောက်ျားချင်း/ဆက်ဆံသူများ၊ 10 သူခိုးများ၊ လောဘကြီးသူများ၊ သောက်စား/မူးရူးသူများ၊ ဆဲရေး/တိုင်းထွာသူများ၊ လှည့်စား/လိမ်ယူသူများ/သည် ဘုရားသခင်/၏ နိုင်ငံတော်/ကို အမွေ/ခံရကြမည်/မဟုတ်ပေ။ 11 သင်တို့/ထဲမှ တချို့/သည် ယခင်/က ထိုကဲ့သို့သော/သူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခု/တွင် သခင်/ယေရှု/ခရစ်တော်/နှင့် ကျွန်ုပ်တို့/ဘုရားသခင်/၏ ဝိညာဉ်တော်/အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူ/အဖြစ် သတ်မှတ်/ခံရကြပြီ။
တဏှာ/လွန်ကြူးမှု/ကို ရှောင်ကြဉ်/ခြင်း
12 သင်တို့/က “ငါ/သည် အရာ/အားလုံး/ကို လုပ်ပိုင်ခွင့်/ရှိသည်” ဟု ဆို၏။ သို့သော် အရာ/အားလုံး/သည် အကျိုး/ရှိသည်/မဟုတ်ပေ။ “ငါ/သည် အရာ/အားလုံး/ကို လုပ်ပိုင်ခွင့်/ရှိသည်” ဟု ဆို/သော်လည်း မည်သည့်/အရာ/၏ စိုးမိုးခြင်း/ကိုမျှ ကျွန်ုပ်/ခံမည်/မဟုတ်။ 13 သင်တို့/က “အစာ/သည် ဝမ်း/အတွက် ဖြစ်/၍ ဝမ်း/သည် အစာ/အတွက် ဖြစ်သည်” ဟု ဆိုကြ၏။ ဤ/စကား/သည် မှန်၏။ သို့သော်လည်း တစ်နေ့/တစ်ချိန်/တွင် ဘုရားသခင်/သည် ထို/အရာ/နှစ်မျိုးလုံး/ကို ဖျက်ဆီးတော်မူ/လိမ့်မည်။ ကိုယ်ခန္ဓာ/သည် တရား/နှင့်/မညီသော မေထုန်/ကို/ပြု/ရန်အတွက် မဟုတ်ဘဲ ဘုရားသခင်/အတွက်/သာ ဖြစ်၏။ ဘုရားသခင်/သည်လည်း ကျွန်ုပ်တို့/၏/ကိုယ်ခန္ဓာ/ကို ကြည့်ရှု/စောင့်ရှောက်တော်မူ၏။ 14 ဘုရားသခင်/သည် သခင်/ခရစ်တော်/ကို ထမြောက်စေတော်မူ/သကဲ့သို့ ကျွန်ုပ်တို့/ကိုလည်း တန်ခိုးတော်/အားဖြင့် သေရာ/မှ ထမြောက်စေတော်မူ/လိမ့်မည်။
15 သင်တို့/၏ ကိုယ်ခန္ဓာ/သည် ခရစ်တော်/၏ ကိုယ်ခန္ဓာ/အစိတ်အပိုင်း/ဖြစ်ကြောင်း/ကို သင်တို့/မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်/၏ ကိုယ်ခန္ဓာ/အစိတ်အပိုင်း/ကို ယူ/၍ ပြည့်တန်ဆာ/နှင့် ပေါင်းစည်း/ရမည်လော။ ထိုသို့ လုံးဝ မပေါင်းစည်းရ။ 16 လူတစ်ဦး/သည် ပြည့်တန်ဆာ/နှင့် ပေါင်းဖော်/လျှင် ထို/သူ/သည် ထို/ပြည့်တန်ဆာ/နှင့် တစ်သားတည်း/ဖြစ်ကြောင်း/ကို သင်တို့/မသိကြသလော။ ကျမ်းစာ/၌ “သူတို့ နှစ်ဦးတို့/သည် တစ်သားတည်း ဖြစ်ကြ/လိမ့်မည်” ဟု ဖော်ပြထား၏။ 17 သခင်ဘုရား/နှင့် ပေါင်းဖော်သောသူ/သည် သခင်ဘုရား/နှင့် တစ်စိတ်/တစ်ဝိညာဉ်/တည်း ဖြစ်၏။
18 တရား/နှင့်/မညီသော မေထုန်/ပြုခြင်း/ကို ရှောင်ကြဉ်ကြလော့။ လူ/ကျူးလွန်တတ်သော အခြား/အပြစ်/အားလုံး/သည် ကိုယ်ခန္ဓာ/၏ ပြင်ပ/တွင် ဖြစ်/သော်လည်း တဏှာ/လွန်ကြူးသော/အပြစ်/မှာမူ မိမိ/ကိုယ်ခန္ဓာ/ကို ပြစ်မှားခြင်း/ဖြစ်၏။ 19 သင်တို့/၏ ကိုယ်ခန္ဓာ/သည် ဘုရားသခင်/ထံတော်/မှ သင်တို့/လက်ခံရရှိထားသည့် ဝိညာဉ်တော်/ဟူသော သင်တို့/အထဲ/၌ ကိန်းဝပ်နေသည့် သန့်ရှင်းသော/ဝိညာဉ်တော်/၏ ဗိမာန်/ဖြစ်သည်/ကို မသိကြသလော။ သင်တို့/သည် မိမိကိုယ်ကိုယ် မပိုင်ကြ။ 20 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/သည် သင်တို့/ကို အဖိုးအခ/ပေး/၍ ရွေးနုတ်/ဝယ်ယူတော်မူခဲ့/သောကြောင့်/ဖြစ်၏။ ထို့ကြောင့် သင်တို့/၏ ကိုယ်ခန္ဓာ/အားဖြင့် ဘုရားသခင်/၏ ဘုန်းတော်/ကို ထင်ရှားစေကြလော့။